January 30, 2012

တရားမဝင်ဆေးဝါးဖြန့်ဖြူးသည့် တရုတ်နိုင်ငံသားများနှင့် အမည်ခံမြန်မာကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်း

အဆိုပါထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသားများကို အမည်ခံဆောင်ရွက်ပေးနေသည့် အမည်ခံမြန်မာကုမ္ပဏီများနှင့် တရုတ်နိုင်ငံသားငါးဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမှထုတ်လုပ်သည့် ဆေးဝါးများကို မြန်မာနိုင်ငံအတွင်း တရားမဝင်တင်သွင်းရောင်းချမှုနှင့်ဆက်စပ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ယင်းကဲ့သို့ ထည့်သွင်းသတ်မှတ်ခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းတွင်ဖော်ပြထားသည်။ ယင်းဖြစ်ရပ်နှင့်ဆက်စပ်၍ တရုတ်နိုင်ငံသားများ၏ လုပ်ငန်းအမည်ခံထားသည့် Sky Lion Co.,Ltd. နှင့် Golden Lion Health Product Trading Co.,Ltd အပါအဝင် ယင်းကုမ္ပဏီအဖွဲ့ဝင် မြန်မာနိုင်ငံသား ဒါရိုက်တာအဖွဲ့ဝင် ငါးဦးကိုလည်း အမည်ပျက်စာရင်းထည့်သွင်းသတ်မှတ်ထာသည်ဟု ၄င်းတို့နှင့်နီးစပ်သောသတင်းရပ်ကွက်ထံမှ သိရသည်။ အဆိုပါကုမ္ပဏီများသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း နှင်ဆီကုန်းဘိုးဘွားရိပ်သာအနီးတွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး တရုတ်တိုင်းရင်းဆေးများကို ရောင်းချပေးနေကာ ပြည်တွင်းဆေးဝါးတင်သွင်းသည့် လုပ်ငန်းအပြင် Shopping Mall တစ်ခုကိုပါ လုပ်ကိုင်လျက်ရှိပြီး ဆပွားဈေးကွက်ရှာဖွေနည်းဖြင့်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများနှစ်အတန်ကြာလုပ်ကိုင်လျက်ရိသည်ဟု အဆိုပါသတင်းရပ်ကွက်ထံမှ သိရှိရသည်။

No comments:

Post a Comment