January 30, 2012

နား၊နှာခေါင်း၊ လည်ချောင်း ညီလာခံကျင်းပမည်

ရန်ကုန်မြို့ နား၊နှာခေါင်း၊လည်ချောင်းဆေးရုံကြီးက ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အကြိမ် (၂၀) မြောက် နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့တော် ကန်တော်ကြီးစောင်းရှိ chatrium ဟိုတယ်၌ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၉ရက်မှ၁၁ရက်နေ့ အထိသုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါညီလာခံတွင်နား၊ နှာခေါင်း၊လည်ချောင်းဆိုင်ရာ ပညာရပ်စာတမ်းပေါင်း အစောင် ၂၀ကို ဖတ်ကြားတင်ပြ သွားမည်ဖြစ်ပြီး ဖတ်ကြားတင်ပဩွားမည့်စာတမ်းများတွင် နားအတုတပ်ကုသနည်းအကြောင်း၊ နာတာရှည် ထိပ်ကပ်နာရောဂါအကြောင်း၊ နှာခေါင်းခွဲစိတ်ကုသနည်းအကြောင်း၊လည်ချောင်းနာရောဂါများအကြောင်း စသည်တို့ပါဝင်သည်။ ညီလာခံတွင် အဆိုပါစာတမ်းများ ဖတ်ကြားခြင်းအပြင် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲနှစ်ခုကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာနားပြည်ယိုရောဂါကုသနည်းအကြောင်းနှင့် မှန်ပြောင်းအသုံးပြု၍ နှာခေါင်းခွဲစိတ်ကုသနည်းအကြောင်းတို့ကို ဆွေးနွေးသွားကြမည်ဟု စီစဉ်သူမျာထံမှ သိရသည်။ ထို့အပြင် ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင်လည်း စင်ကာပူနိုင်ငံမှ ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီးများပူးပေါင်းကာ နှာခေါင်းဆိုင်ရာရောဂါဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခွဲစိတ်ကုသမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေတို့အတွက် အဆိုပါနား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာညီလာခံကိုနှစ်စဉ်မပြတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment