Terms and Conditions

  • heartyfarm ၏လိပ်စာမှာ http://www.heartyfarm.com ဖြစ်ပါသည်။
  • heartyfarm သည်များစွာသော မြန်မာ့ဆေးပညာ site များမှ တစ်ခုဖြစ်ပါသည်။
    • heartyfarm တွင် ဝင်ရောက်ရေးသားလိုပါက
submit@heartyfarm.com
သို့ ရေးသားပေးပို့နိုင်ပါသည်။ ပေးပို့ရာတွင်စာရေးသူ၏ biography အကျဉ်းနှင့် contributor image တို့ကိုတစ်ပါတည်း ထည့်သွင်းပေးစေလိုပါသည်။
    • စာမူများကို ဖတ်ရှူရအဆင်ပြေချောမွေ့စေရန်၊ စာလုံးပေါင်းသတ်ပုံမှန်ကန်မှုရှိစေရန်နှင့် သရုပ်ဖော်ဓါတ်ပုံများ ထည့်သွင်းရန်အတွက်သာ heartyfarm မှ တည်းဖြတ်သွားမည်ဖြစ်ပြီး မူရင်းစာမူကို တတ်နိုင်သမျှ preserve လုပ်သွားပါမည်။
    • စာမူ၏ အစိတ်အပိုင်းတစ်ခု (သို့) စာမူတစ်ပုဒ်လုံးသည် မြန်မာ့အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသော အဓိပ္ပါယ်သက်ရောက်ပါက လိုအပ်သလိုတည်းဖြတ်သွားမည် ဖြစ်ပါသည်။
    • heartyfarm တွင်ဆေးလောကသတင်းများကို တင်ဆက်သွားပါမည်။ ဆေးလောကသတင်းများဆိုရာ၌ စာဖတ်သူနှင့်အလှမ်းဝေးသော ပြည်ပမှနောက်ဆုံးပေါ်ဆေးပညာတွေ့ရှိချက်သတင်းများထက် ပြည်တွင်းရှိလက်တွေ့အသုံးဝင်နိုင်သော သတင်းများကိုသာ ဦးစားပေးဖော်ပြသွားမည်ဖြစ်ပါသည်။ အဆိုပါသတင်းများသည် ပြည်သူနှင့် medical professionals များအတွက် အပေါင်းလက္ခဏာဆောင်သည်ဖြစ်စေ၊ အနုတ်လက္ခဏာဆောင်သည်ဖြစ်စေ heartyfarm ၏အာဘော်ဝင်ရောက်စွက်ဖက်ခြင်းပြုမည်မဟုတ်ဘဲ သတင်းရင်းမြစ်ကို ဘက်လိုက်ခြင်းကင်းအောင် လိုအပ်သလို တည်းဖြတ်သွားမည်ဖြစ်ပါသည်။
    • သတင်းများတင်ဆက်ရာတွင် အခြား online site များမှဖြစ်စေ၊ offline printed media များမှဖြစ်စေ ရံဖန်ရံခါ ကူးယူဖော်ပြမည်ဖြစ်ပြီး မူရင်း source နှင့် Author အား credit ဖော်ပြပေးမည်ဖြစ်ပါသည်။
    • အခါအားလျှော်စွာ ဆေးပညာလောကမှ အထင်ကရပုဂ္ဂိုလ်များနှင့် အင်တာဗျူးအစီအစဉ်ကို တင်ဆက်သွားပါမည်။ အင်တာဗျူးအစီအစဉ်တွင် ပါဝင်သည့် ပုဂ္ဂိုလ်သည် စီးပွားရေးလုပ်ငန်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ အဖွဲ့အစည်း၊ အယူဝါဒ တစ်စုံတစ်ရာကို ကိုယ်စားပြုသူဖြစ်ပါက ၄င်းကိုယ်စားပြုသောအကြောင်းအရာသည် အင်တာဗျူးအတွင်း အနည်းနှင့်အများပါဝင်မည်ဖြစ်သည်။ heartyfarm သည် အလျှင်းသင့်သလို ကြော်ငြာများလက်ခံသွားမည်ဖြစ်သော်လည်း အင်တာဗျူးကဏ္ဍတွင်ပါဝင်သောအကြောင်းအရာသည် ကြော်ငြာခြင်းမဟုတ်ဟု မှတ်ယူစေလိုပါသည်။
    • Downloads ကဏ္ဍတွင် ဆေးပညာစာအုပ်များ၊ lecture များ၊ presentation များ၊ application များ တင်ထားမည်ဖြစ်ပြီး မိမိ Copyright နှင့်ညိစွန်းပါက heartyfarm admin သို့ အကြောင်းကြားနိုင်ပါသည်။
    • Ward Supply Channel သည် heartyfarm ၏ product တစ်ခုဖြစ်ပြီး အလှူရှင်တို့၏ မတည်မှုဖြင့်ရပ်တည်နေခြင်းဖြစ်ပါသည်။ heartyfarm သည် အလုပ်သင်ဆရာဝန်များ တည်ထောင်ထားသော website ဖြစ်ပြီး website အတွက် hosting ဝယ်ယူခြင်း၊ domain name မှတ်ပုံတင်ခြင်းနှင့် အထွေထွေထိန်းသိမ်းစရိတ်များသည် Ward Supply အလှူငွေနှင့်သက်ဆိုင်ခြင်းမရှိဘဲ သီးခြားရန်ပုံငွေဖြင့်ရပ်တည်နေခြင်းဖြစ်ပါသည်။
    • Ward Supply လက်တွေ့အကောင်အထည်ဖော်နေသူများမှာ လက်ရှိအလုပ်သင်ဆရာဝန်တာဝန်ထမ်းဆောင်နေသူများဖြစ်ကြပါသည်။ မိမိတို့သက်ဆိုင်ရာဂျူတီအတွက် အထွေထွေဆေးပစ္စည်းကုန်ကျစရိတ်ကို မိမိဘာသာနိုင်သလောက် အိတ်စိုက်သုံးစွဲခြင်းဖြစ်ပြီး heartyfarm Ward Supply အလှူငွေနှင့်သက်ဆိုင်ခြင်းမရှိပါ။
    • heartyfarm Ward Supply အလှူငွေကို Ward အတွက်ရေရှည်သုံးစွဲနိုင်မည့်ပစ္စည်း (အောက်စီဂျင်အိုး၊ incubator ၊ suction ၊ nebulizer စသည်) လှူဒါန်းသွားမည်ဖြစ်ပြီး အလှူသတင်းအစုံကို တင်ဆက်သွားမည်ဖြစ်ပါသည်။ အလှူရှင်စာရင်းကိုလည်း donations စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။
    • Ward Supply ကို ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်၏ အလုပ်သင်ဆရာဝန်များ တာဝန်ကျရာ
      • မြောက်ဥက္ကလာပအထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံ
      • သင်္ဃန်းကျွန်းစံပြ အထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံ
      • အင်းစိန်အထွေထွေရောဂါကုဆေးရုံ
      • တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံ တို့တွင် (Ward အစုံသို့) လှူဒါန်းသွားမည်ဖြစ်ပါသည်။

No comments:

Post a Comment