December 28, 2011

Former Political Prisoners donated at Mental Hospital

နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း) မှ ရန်ကုန်မြို့၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံရှိ လူနာများအား ညနေစာ အာဟာရကျွေးမွေး လှူဒါန်းပွဲကို ၂၆ ဒီဇင်ဘာ ၂ဝ၁၁ နေ့ ညနေ ၃း၃ဝ မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအလှူကိုနိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ တစ်နိုင်တစ်ပိုင်ထည့်ဝင်လှူဒါန်းငွေများနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ရောဂါဝေဒနာရှင်များ အတွက်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေဖို့ရည်ရွယ်တာဖြစ်ကြောင်း ဒီပွဲရဲ့ပြန်ကြားရေးတာဝန်ယူထားတဲ့ ကိုကြည်လွင်ကပြောပြပါတယ်။
“ ဒီဆေးရုံမှာရှိတဲ့ လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြင်ပအလှူရှင်တွေကိုသာ အဓိကအားထားနေရပြီး နောင်လည်း မကြာခဏလာရောက်လှူဒါန်းစေလိုကြောင်း၊ အမျိုးသမီးလူနာ သုံးရာကျော်နဲ့ အမျိုးသားလူနာ ခုနစ်ရာကျော် လူနာစုစုပေါင်း တစ်ထောင်ကျော် ရှိကြောင်း၊ အမျိုးသားလူနာအများစုမှာ အရက်ကြောင့် စိတ်ဝေဒနာ ဖြစ်ရတာဖြစ်ကြောင်း၊ ဝန်ထမ်းအင်အား၇ဝ သာရှိတဲ့အတွက် တစ်ဆိုင်းကို ရှစ်နာရီကျ အဆိုင်း သုံးဆိုင်းခွဲပြီးလည်ပတ်နေရတဲ့အတွက် ဝန်နဲ့ အား မမျှတကြောင်းကို တာဝန်ကျဆရာမတစ်ဦးမှ ရှင်းပြခဲ့ပါတယ်။
ဒီနေ့လှူဒါန်းပွဲကို ကိုဇော်ရဲဝင်း၊ ကိုကျော်ထွေး၊ ကိုထွန်းကြည်၊ကိုစိုးထွန်း၊ ကိုဗသက်အောင်၊ ကိုဆန်နီ၊ ကိုဘမျိုးသိန်း၊ ကိုထွန်းထွန်းဝင်း၊ ကိုမင်းဟန်၊ ကိုကျော်စွာလင်း၊ ကိုမိုးထက်သျှံ၊ ကိုကြည်လွင်၊ ကိုစိုးမြင့်နိုင်၊ ကိုသက်ဦး၊ မပြုံးပြုံးအေး၊မနှင်းနှင်းမွှေး၊ မစုစုနွေး၊ မအေးသီတာ အစရှိတဲ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄ဝ)ခန့်က စုပေါင်းလှူဒါန်းခဲ့ကြတာဖြစ် ကြောင်းသတင်းရရှိပါတယ်။
Ref:MoeMaKa Burmese News and Media

No comments:

Post a Comment