December 30, 2011

၂၀၁၁ ခုနှစ်အတွင်း ပြည်သူ့ဆေးရုံသစ် လေးဆယ်ကျော် ဖွင့်လှစ်ပေးခဲ့ ပြီးဖြစ်

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၁၆ ကုတင်ဆံ့ ဆေးရုံ ၃၆ ရုံ၊ ခုတင် ၃၀၀ ခန့် ဆေးရုံလေးရုံနှင့် ခုတင် ၅၀၀ ဆံ့လေးရုံကို ၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း လက်ရှိအစိုးရက ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ၁၆ ခုတင်မှ ခုတင် ၁၀၀၊ ခုတင် ၅၀ မှ ခုတင် ၁၀၀၊ ခုတင် ၅၀၀ မှ ခုတင် ၈၀၀ စသည့် အဆင့်များအဖြစ် ပြည်သူ့ဆေးရုံပေါင်း ၁၅ ရုံကို အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ကျေးလက်ကျန်းမာရေး ကဏ္ဍအနေဖြင့် ဒေသန္တရ ကျန်းမာရေး ဆေးပေးခန်းပေါင်း ၅၇ ခုကို ယခုနှစ်အတွင်း အသစ် တည်ဆောက် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ဒေါက်တာဖုန်းမြင့်က ဆိုသည်။ ဆေးရုံသစ်များ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးကို ကြီးမားသော အထောက်အပံ့များ ဖြစ်သည်ဟု မှတ်ယူနိုင်သော်လည်း ယင်းဆေးရုံများတွင် သုံးစွဲနေရသော ကျန်းမာရေးပိုင် ဘတ်ဂျက်များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ အသုံးစရိတ်များမှာ ပြင်ပအလှူရှင်များ၏ ထောက်ပံ့မှုများကိုသာ အဓိကထား မျှော်လင့် နေရဦးမည်သာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခြေစိုက် ဝါရင့်ဆေးရုံအုပ်ကြီး တစ်ဦးကဆိုသည်။ ဆေးရုံသစ်များ တည်ဆောက် ပေးခြင်းနှင့် အတူ အစိုးရ၏ ထောက်ပံ့ငွေ Trust Fund များကိုလည်း တစ်ပါတည်း ထူထောင်ပေးထားခဲ့ပြီး ဖြစ်သော်လည်း ယင်း Fund များ၏ အတိုးနှုန်း ရရှိငွေ ပမာဏများထဲမှ သတ်မှတ်ပမာဏ အောက်ကိုသာ ဆေးရုံအများစုတွင် သုံးစွဲနေကြကြောင်း ကျန်းမာရေး ဦးစီးဌာန စာရင်းပြုစုရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ Ref: Popular News

No comments:

Post a Comment