December 16, 2011

အသည်းအစားထိုး လှူဒါန်းသူ ဒေါ်ရည်မွန်သွင်မှ နစ်နာဆုံးရှုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြား

dymt အိန္ဒိယနိုင်ငံတွင် မတ်လအတွင်းက အထူးကု ဆရာဝန်ကြီး တစ်ဦးကို အသည်းအစားထိုး လှူဒါန်းခဲ့သူ ဒေါ်ရည်မွန်သွင်မှ နိုင်ငံသားတစ်ဦး၏ မူလအခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ခံရ၍ နစ်နာဆုံးရှုံးမှုအတွက် အရေးယူပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ နိုဝင်ဘာ ၂၁ ရက်က တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။ အထူးကု ဆရာဝန်ကြီးနှင့်အတူ ၎င်း၏ ဇနီးတပည့်ဖြစ်သူ နှစ်ဦးတို့ကို ဒေါ်ရည်မွန်သွင်မှ ၎င်း၏ နစ်နာရမှုအတွက် အရေးယူပေးစေလိုကြောင်း ၂၀၁၁ ခုနှစ် မတ်လအတွင်းက အိန္ဒိယနိုင်ငံတွင် အသည်းကို ၃၀ ရာခိုင်နှုန်းသာ ယူမည်ဟု ယုံကြည်လောက်အောင် စည်းရုံးပြောကြားခဲ့ပြီး မူလကတိထားရှိသည့် အတိုင်း ကျေးဇူးတုံ့ပြန်မည်။ ငွေကြေးကိစ္စများ ပူပန်ရန်မရှိကြောင်း ပြောဆိုပြီးကာမှ အမှန်တကယ် မခံစားရကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေး ကော်မရှင်သို့ နောက်ဆုံး တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ရည်မွန်သွင်က ပြောကြားသည်။ အသည်းလှူဒါန်းပြီးနောက် အသည်းလက်ခံသူ ဆရာဝန်ကြီးထံမှ ကျေးဇူးဆပ်ပါမည်ဟု သတင်းစာမှ ကြော်ငြာခဲ့သော်လည်း လူကိုယ်တိုင် လာရောက် တွေ့ဆုံခြင်း မရှိသေးကြောင်း နစ်နာကြေးအဖြစ် တောင်းဆိုခြင်းထက် သက်သေခံ စာရွက်စာတမ်းများကို လိမ်လည် အတုပြုလုပ်ခြင်း၊ မူလကတိများအတိုင်း မဆောင်ရွက်ခြင်းတို့များ ကြောင့်သာ တိုင်တန်းရခြင်း ဖြစ်ကြောင်း ဒေါ်ရည်မွန်သွင်၏ မိခင်ဖြစ်သူက ပြောကြားသည်။ ref: Envoy news

No comments:

Post a Comment