November 30, 2011

Compartment System

ဆေး-၂ဟာ ယခင်စာသင်နှစ်များဆီက ကျောင်းသူကျောင်းသားများအောင်မှတ်ရရှိရေးအတွက် အမှတ်များကိုငွေကြေးဖြင့် အလဲအလှယ်ပြုလုပ်ခဲ့ကြောင်း သတင်းဆိုးထွက်ပေါ်ခဲ့ပါတယ်။ပြည်ပမီဒီယာဌာနတွေမှာလည်း အဆက်မပြတ်ထုတ်လွှင့်မှုတွေ ရှိခဲ့ပါတယ်။ ၀န်ကြီးဌာနကနေ စစ်ဆေးဖော်ထုတ်လိုက်တော့တကယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရလို့ ဌာနမှူးတွေ အလုပ်ကနေထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင်ရာထူးချပစ်ခဲ့တာတွေ၊ ဆ-မ လက်မှတ်သိမ်းဆည်းခံရတာတွေလည်းရှိခဲံပါတယ်။ ၂၀၁၁ ပညာသင်နှစ်မှာလည်း ထူးခြားတဲ့သတင်းတစ်ရပ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒိသတင်းကတော့ ၁၄-၁၁-၂၀၁၁ ရက်နေ့3rd MBစာမေးပွဲအောင်စာရင်းထွက်ပြီးနောက်ပိုင်းမှာထွက်ပေါ်လာတဲ့သတင်းတစ်ရပ်ဖြစ်ပါတယ်။ ယခုနှစ် ဆေး-၂ ဟာ ကျောင်းသူကျောင်းသားများ အခွင့်အရေးအတွက် လျှော့ပေါ့ပေးခဲ့တယ်ဆိုပေမယ့် တချို့သော ကျောင်းသူကျောင်းသားတွေအတွက် နစ်နာမှုတွေပိုရှိခဲံတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် 3rd MB တချို့ကျောင်းသား၊ကျောင်းသူတွေမှာ မလိုလားအပ်သော နစ်နာမှုမျိုးကြုံတွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။အဲဒါနဲ့ပတ်သတ်လို့ ကျောင်းသူကျောင်းသားများဟာ compartment system ကိုသံသယရှိနေကြပြီး compartment system ရဲ့နောက်ကွယ်မှာ အမှတ်ပေးစနစ် ကမောက်ကမ ဖြစ်မှုတွေရှိတယ်လို့ ဆိုကြပါတယ်။ဒါ့အပြင် compartment system ကိုဖြုတ်ချင်သလိုဖြုတ်၊ တပ်ချင်သလိုတပ်နေကြတဲ့ ဆေး-၂ ရဲ့လျှို့ဝှက်ထုတ်ပြန်ချက်အပေါ် ကျေနပ်မှုမရှိကြဘူးလို့ ဆိုပါတယ်။ '' ပြီးခဲ့တဲ့နှစ် 2nd MB တုန်းက compartment system ဆိုတာရှိခဲ့တယ်။အဲဒီဟာကို ကျော်လွှားဖို့ ကျွန်တော်တို့မှာ သတိဝီရိယထားပြီး အင်အား စိုက်ထုတ်ခဲ့ရတယ။ ပညာရေးစနစ်က နှစ်ဝါတစ်နီဆိုတော့ တကယ်လို့ compartment system မှာ တစ်ဝါထိရင်တောင် တော်တော်လေးပြန်ဆယ်ရတာ ၊ အနီထိရင်တော့ နောက်ဆုံးစာမေးပွဲမဖြေဘဲ လှည့်သာပြန်တော့ ဒီနှစ်ကျတော့ အဲဒါမရှိတော့ဘူးတဲ့... ဒီနှစ်ကျောင်းသားတွေအတွက်ကောင်းမွန်တဲ့ အခွင့်အရးဆိုပေမယ့် အခုလိုမြန်မြန်ဆန်ဆန်ကြီး change ပစ်လိုက်တာကတော့ မတရားဘူးလို့ ထင်တယ် '' လို့ 3rd MB ကျောင်းသားတစ်ဦးကပြောပါတယ်။ ဆက်ပြီး '' 2nd MB မှာ compartment system မရှိတော့ဘူးဆိုပေမယ့် 3rd MB ကျတော့ ရှိနေပြန်ရော '' လို့ ယင်းကျောင်းသားကဆက်ပြောတယ်။ Compartment system အပေါ် သံသယရှိနေသူ ကျောင်းသူကျောင်းသားဦးရေ တိုးပွားလာတာဟာ ကျောင်းမှာ သင်ကြားနေကြတဲ့ ဆရာဆရာမတွေရဲ့ ကျောင်းသားများအပေါ် လူတန်းစား ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်ကြောင်းသိရပါတယ်။ ''ဆေး-၂ က တစ်မျိုးဗျ . . . 2nd MB မှာတုန်းက supply ထိခဲ့တဲ့သူတွေဆိုရင် လူညံ့စာရင်းသွင်းတဲ့ section B ကို ပို့ပစ်တယ် . . . section B ဆိုတာ last chance ကျောင်းသူကျောင်းသားတွေ ၊ ဆိုးပေနေကြတဲ့သူတွေ တက်ရောက်ကြတဲ့ အတန်းလို့ သတ်မှတ်ထားတာ . . . နောက်ပြီး အဲဒီအခန်းထဲကဆိုရင် ဆေးရုံတွေ ကွင်းဆင်းရတာကအစ ခွဲခြားခံရတယ် . . . မကွေးဆေးမှာဆို အဲဒီလို မဟုတ်ဘူး . . . section A , section B ဆိုရင်နာမည် အစဉ်အတိုင်း ကျောင်းသားတွေကို နေရာချတာ . . . ဆေးရုံတွေ ကွင်းဆင်းသွားရင် supply ထိသူဖြစ်ဖြစ်၊ အလွတ်အောင်သူဖြစ်ဖြစ် နာမည်အစဉ်အတိုင်းလွှတ်တာ၊ ဒီမှာကအဲဒီလို မဟုတ်ဘဲ နာမည်မှာ 'က' နဲ့ပဲ စစ 'အ' နဲ့ ပဲ စစ section A, section B တွဲလွှတ်တာမရှိဘူး A ဆို A ချည်းသွား B ဆို B ချည်းသွား . . . အတော်ကို အတော်ချင်းတွဲ အညံ့ကို အညံ့ချင်းတွဲဆိုတဲံသဘောပေါ့ . . .ဆရာဆရာမတွေကလည်း section B ဆိုရင် နေ့စဉ် ဆိုသလို နှိမ်တယ်။ အခန်းထဲလာတာနဲ့ နှိမ့်ချတဲ့ စကားတွေ အမြဲလိုလိုကြားရတယ်၊ကျောင်းသားတွေအတွက် အားတက်စရာမဖြစ်ဘဲ စိတ်ဓါတ်ကျအောင် တမင် ရည်ရွယ်နေသလိုပဲ'' လို့ ကျောင်းသားတစ်ဦးက ဆိုတယ်။ ဒါ့အပြင် compartment sysem အရ test စာမေးပွဲဖြေဆိုလျှင်လည်း section B ကကျောင်းသားများမှာ နစ်နာမှုရှိကြောင်း၊ ခုံနံပါတ်ဖွင့်စစ်တဲ့အတွက် section A ကကျောင်းသားနည်းတူ အပုဒ်ရေ သာတူညီမျှ ဖြေဆိုနိုင်ပေမယ့် section B ကျောင်းသားတွေကျတော့ ရမှတ်နည်းပေးလေ့ရှိကြောင်း ကြားသိရပါတယ်။ '' အကြောင်းကြောင်းကြောင့် supply ထိခဲံပေမယ့် 3rd MB မှာ တကယ်ကြိုးစားလာတဲ့ ကျောင်းသူကျောင်းသားတွေရှိတယ်။ တချို့ဆို section A ကကျောင်းသားတွေထက် စာလိုက်နိုင်သူတွေရှိတယ်။ ဒါပေမယ့် စာမေးပွဲတိုင်းမှာ ဘယ်လောက်ကြိုးစားဖြေဖြေ section A ကကျောင်းသားတွေလောက် အမှတ်မရဘူး ဖြစ်နေတယ်။ ဒါက ထုံးစံလိုလိုဖြစ်နေပြီ '' လို့ section B ကကျောင်းသားတစ်ဦးက ဆိုတယ်။ ယခုနှစ် ဆေး-၂ မှာ အဆိုးရွားဆုံးအဖြစ်အပျက်ကတော့ 3rd MB မှာ compartment system အရ တစ်နှစ်ပတ်လုံး test mark အနိမ့်ဆုံးရရှိခဲံကြတဲ့ last chance ကျောင်းသူကျောင်းသားတွေဟာ final မှာ ကွင်းလုံးကျွတ် စာမေးပွဲအောင်ကြပြီး သူတို့ထက် test mark ပိုရရှိတဲ့ fresher တွေဟာ final မှာ မထင်မှတ်ဘဲ စာမေးပွဲကျရတဲ့ အဖြစ်ပဲလို့ သိရတယ်။ တချို့ကျောင်းသားတွေဟာ final မဖြေခင်ကတည်းက သူတို့ကို class work အမှတ် ပေးမတွက်မှုအပေါ် သံသယရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ '' တကယ်ဆို class work အမှတ်က ပေးတွက်သင့်တယ်ဗျ . . . ဒါမှ final မှာ ကိုယ်ဘာအားနည်းနေလဲ၊ ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ ကြိုသိမှာပေါ့ . . . အဲဒီလို ပေးမတွက်ဘဲ ၀ှက်ဖဲလိုထားတာက သူတို့မှာရည်ရွယ်ချက်တစ်ခုခု ရှိနေလို့ပဲ ဖြစ်မှာ . . . နောက်တစ်ခုပြောဦးမယ် 3rd MB last chance အတွက် compartment system ဖြုတ်လိုက်တယ်ဆိုတဲ့သတင်း . . . အစကဆော့ ကောလာဟလလို့ ထင်တာ . . . final result ထွက်တော့မှ တကယ်အမှန်ကိုသိတော့တယ် . . .သုတို့ရဲ့ test mark တွေဟာ fresher ကျောင်းသားတွေထက် တော်တော်လေးကိုနည်းပေမယ့် သူတို့က အောင်တယ် . . . supply ထိထားတဲ့ fresher ကျောင်းသားတွေက ကျတယ် . . . supply ထိထားတဲ့ ကျွန်တော့်သားဆိုရင် last chance တွေထက် test mark တွေသာတယ်။ final လည်းပိုပြီးဖြေနိုင်တယ်။ Roll call လည်းပြည့်တယ်။ ဘာကြောင့် စာမေးပွဲကျရတာလဲ စုံစမ်းတော့ သူတို့လျှို့ဝှက်ထားတဲ့ class work မှာ အနီထိထားလို့တဲ့ဗျ . . .သိတဲ့အတိုင်းပဲဗျာ အနီထိထားတယ်ဆိုရင် ကြိုပြီး အသိပေးသင့်တာပေါ့ . . .final မှာ ဘယ်လောက်ကြိုးစားကြိုးစား ကိုယ်ကျမယ်ဆိုတာကြိုသိရင် ဘယ်သူက အပင်ပန်းခံပြီး ဆက်ဖြေနေဦးမှာလဲ . . .အနီထိထားတဲ့ Last chance တွေကွင်းလုံးကျွတ်အောင်တာ ဘာကြောင့်လဲ . . . ကျွန်တော်တို့တုန်းကနဲ့ ဒီခေတ်စနစ်က ကွာခြားလွန်တော့ သားအတွက် ကျွန်တောစိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးဗျာ . . .ဒီ စနစ်က ကျောင်းသားတွေကို တမင်ညှဉ်းပန်းနှိပ်စက်နေသလိုဖြစ်နေပြီ '' လို့ ကျောင်းသားတစ်ဦးရဲ့ ဖခင် မြို့နယ်ဆရာဝန်တစ်ဦးက ပြောပါတယ်။ '' Compartment system ရှိမယ်ဆိုလည်းရှိပါစေ . . . ဒါပေမယ့် last chance ပဲဖြစ်ဖြစ်၊ fresher ပဲ ဖြစ်ဖြစ် ' သူ့ကို သာစေ၊ သူ့ကို နာစေ ' မဟုတ်ဘဲ ညီမျှတဲ့ အမြင်နဲ့ တန်းတူအခွင့်အရေးရရှိရင် ကျေနပ်ပါပြီ '' လို့ ယင်းဆရာဝန်ကြီးက ဆက်လက်ပြောဆိုသွားပါတယ်။ Ref: ဆေးပညာမိသားစု (http://www.facebook.com/groups/medicalfamily.org)

No comments:

Post a Comment