November 8, 2011

ရှေ့နေ၊ ဆရာဝန်နှင့် ကျောင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တိုင်ကြား

နိုင်ငံရေး အကျဉ်းကျခံရသူများအတွက် အသက်မွေးဝမ်းကျောင်း လိုင်စင်နဲ့ ကျောင်းပြန်ဆက်တက်ခွင့်ရရှိရေး သတင်းစာရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗနုလမ်းထောင့်ရှိ အိုလံပစ်တာဝါမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ Press အကျဉ်းချခံရတဲ့အပြင် လုပ်ငန်းလိုင်စင်လည်း အသိမ်းခံရ၊​ ​ကျောင်းပြန်တက်ခွင့်မရတဲ့ ရှေ့နေတွေ၊​ ​ဆရာဝန်တွေ၊​ ​ကျောင်းသားတွေ​ ​စုပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားစာပေးပို့မှာဖြစ်ပြီး၊ သမ္မတထံလည်း​ ​ပေးပို့သွားမှာ​ ​ဖြစ်တယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ ဒီကော်မရှင်ကို ယုံကြည်လို့​ တိုင်ကြားစာ ပေးပို့မှာလားဆိုတော့ ဦးအောင်သိန်းက​ ​ခု​လို​ ​ပြော​ပြပါ​တယ်​။ “ကျနော်တို့က ယုံကြည်ထားလို့ တင်တာလို့ ပြောလို့မရဘူးဗျ။ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ ဌာနတခု၊ အခွင့်အလမ်းတခုပေါ့ဗျာ။ ဒီအပေါ်မှာသူတို့ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲဆိုတဲ့ သဘောကို သိချင်လို့ ကျနော်တို့ တင်တာပါ။ လမ်းကြောင်းတခု ဖွင့်ထားတာကို လျှောက်ကြည့်တဲ့ သဘောပါပဲ။” ဆရာဝန်လိုင်စင်သိမ်းခံထားရတဲ့ အမရပူရက ဆရာဝန်​ ​ဒေါက်တာဇော်မြင့်မောင်၊​ ​ရှေ့နေ​ ​ရောဘတ်ဆန်းအောင်၊ ဦးအောင်သိန်း အပါအ၀င် ရှေ့နေ၊ ဆရာဝန်နဲ့ ကျောင်းသား စုစုပေါင်း ၂၅ ယောက်ခန့်က သူတို့ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို​ တိုင်ကြားကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment